အလိုရှိသည်များကို ဒီနေရာမှ ရှာဖွေနိုင်ပါသည်။
....
ရောက်လာသူ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကျွန်တော်ပိုင်တဲ့ နေရာလေးမှ ဆုတောင်းမေတ္တာပို့သလျှက်ပါခင်ဗျာ...
Saturday, July 5, 2014
Microsoft accounts ကို phone နဲ့ဖွင့်နည်း
အားလုံးမင်္ဂလာပါ.........ကျွန်တော်အခု တင်ပြပေးတဲ့ post လေးကတော့
အားလုံးကိုအဆင်ပြေစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။
အခု Microsoft accounts လေးကိုဖုန်းနဲ့ဖွင့်နည်းတင်ပြရတဲ့ ရည်ရွယ်ချက်က
Facebook အကောင့်သစ်ဖွင့်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ။
ဒီ mail တွေနဲ့ င်္Facebook account ဖွင့်ရင် loak သိပ်မကျတတ်ပါဘူး။
Microsoft accounts မှာဆိုရင် mail အမည်တွေက အမျိုးမျိုးရှိပါတယ်။
အားလုံးက ဖွင့်တာခြင်းအတူတူပါဘဲ။
အသုံးများတဲ့ mail တွေကတော့ hotmail.com / outlook.com တို့ဘဲဖြစ်ပါတယ်။
ဖွင့်နည်းအဆင့်ဆင့်ကို ပုံနဲ့တကွ ခင်းကျင်းပြသသွားမှာပါ။
ပထမဆုံးအနေနဲ့ ဖုန်းထဲမှာ mail ဖွင့်ဖို့ Outlooks apk ကို ပထမဆုံး ရယူရပါမယ် ခင်ဗျာ။
Outlooks apk ကို အောက်ပါ မိမိကြိုက်ရာ Link. မှာရယူပါခင်ဗျာ။
PCloud link>>>>> Downloads ရယူပါ။
Playstore link >>>>Downloads ရယူပါ။
apk ကိုရယူပြီးပါက အကောင့် ဖွင့်နည်းကို ပြောပြသွားပါမယ်။
Down လို့ရလာတဲ့ apk ကို install လုပ်လိုက်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။
ဖွင့်လိုက်ပါက အောက်က ပုံအတိုင်းတွေ့ရပါမယ်။
ပုံမှာတွေ့တဲ့အတိုင်းဘဲ sing up now ကို နှိပ်လိုက်ပါ။ ပြီးရင် ခဏစောင့်လိုက်ပါ။
အောက်ပါပုံအတိုင်း တွေ့ရပါလိမ့်မယ်။
မိမိ အသုံးပြုလိုသည့် နာမည်ကိုထည့်ပါ။
ပုံမှာပြထားတဲ့အတိုင်းဘဲ or get a new email adress ကို နှိပ်ရပါမယ်။
ဒါမှ သင့်အကောင့် ဖွင့်ရမှာ ပိုလွယ်ကူပါလိမ့်မယ်။
ပြီးရင် အောက်က ပုံအတိုင်း ဆက်လုပ်သွားပါ။
မိမိနာမည် ကို microsoft account name နေရာမှာ သင့်နာမည်ကို ရေးလိုက်ပါ။
စာလုံး အားလုံးကို အသေးနဲ့ရေးရပါမယ်။
hotmail.com နဲ့ outlook.com ဆိုပြီး နှစ်မျိုးပါပါတယ် အခု apk လေးထဲမှာ.......
မှတ်ချက်။ ။ ဒီနေရာမှာ တစ်ခုပြောပြချင်တာကတော့ တစ်ခါတလေ မိမိနာမည် ရှိနှင့် ပြီးသား
ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ကျွန်တော့်မှာတော့ မရှိသေးတာမို့ phyolwinoo@hotmail.com
နဲ့ရတာပါ။ ဒါ့ကြောင့်မို့ နာမည်အနောက်က (123) ဖြစ်ဖြစ် ထည်ံပေးလိုက်ပါ။ မိမိကြိုက်ရာပေါ့။
ပြီးရင်မိမိကြိုက်တဲ့ password ကို ပေးလိုက်ပါ။ နှစ်ခုစလုံး passwords ကို အတူတူဘဲပေးရမှာပါ လွဲလို့မရပါဘူး။
Country/region နေရာမှာ United States ဘဲထားရပါမယ်။
Zip code နေရာမှာလဲ ပေးထားတဲ့ Code နံပါတ် (13562) ကိုဘဲထည့်ပေးရမှာပါ။
ပြီးတော့ Birthdate နေရာမှာ မိမိ မွေးနေ့ကို ထည့်လိုက်ပါ။
အောက်မှာပုံကို ဆက်ကြည့်လိုက်ပါ။
Male/female ရွေးလိုက်ပါ။ Country Code မှာ United States (+1) ကိုဘဲရွေးထားပါ။
ဖုန်းနံပါတ်ကလဲ ပေးထားတဲ့ ဖုန်းနံပါတ် (52233132)အဲတာကို ဘဲဖြည့်လိုက်ပါ။
Alternate email adress နေရာမှာ မိမိ မှာ ရှိနှင့်ပြီးသား email adress တစ်ခုခုကိုထည့်လိုက်ပါ။
ဒါမှာမဟုတ်ရင်လဲ ကျွန်တော့် email adress ကိုဘဲ ထည့်လိုက်ပါ။
(phyolwinoo10@gmail.com /phyolwinoo@hotmail.com) ကြိုက်ရာကို ယူထည့်လိုက်ပါ။
ပြီးရင် အောက်မှာပေးထားတဲ့ code တွေကို မှန်အောင် ထည့်လိုက်ပါ။ အကြီးအသေး အားလုံး မှန်ရပါမယ်။
ပြီးရင်တော့ create account ကိုနှိပ်လိုက်ပါ။
ခဏလေးစောင့်လိုက်ပါ။ အကောင့်ကို save လုပ်နေတာ တွေ့ရပါလိမ့်မယ်။
မှတ်ချက်။ ။ ဒီနေရာမှာ တစ်ခုပြောချင်တာက အကောင့် save လုပ်လိုက်တဲ့ အချိန်မှာ မရပါက အထက်ကို ပြန်ကြည့်လိုက်ပါ အနီရောင် ဖြစ်နေတဲ့ နေရာကို ပြန်ပြင်လိုက်ပါ ပြီးရင် ပြန်ပြီးတော့ Creat account လုပ်ရပါမယ်။ အဲဒါဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
ပြီးရင် အောက်က ပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။
Yes ဆိုတာလေးကို နှိပ်လိုက်ပါ။ပြီးရင် အောက်ကပုံတွေအတိုင်းဘဲ Next ကိုဘဲ ဆက်နှိပ်သွားလိုက်ပါ။
OK ဖြစ်သွားပါပြီ အခုဆိုရင် Microsoft account email ဖွင့်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ။
အားလုံးကို အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ...................
နည်းပညာနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်း http://www.phyolwinoo.blogspot.com/
ကျွန်တော်တင်သမျှ Posts တွေကို Facebook ကနေ သိလို ရယူလိုပါက ဒီနေရာမှာ Like နှိပ်ခဲ့ပေးပါ။
အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
phyolwinoo10@gmail.com