သူ့လိုဘဲ screen lock ကို ခဏခဏ ပြောင်း ပြီး မေ့တတ်သူမှား အတွက် ရည်ရွယ်ပါတယ်။
နည်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။
ပထမ အလွယ်ဆုံး နည်းအနေနဲ့ မိမိဖုန်းမှာ ထည့်သွင်း အသုံးပြုတဲ့ google(gmail) အကောင့် နဲ့ အတူ
Password ကို မှတ်မိရပါမယ်။ အဲဒါဆိုရင် လုံလောက်ပါပြီ။
password ကို (၅) ကြီမ် အသုံးပြုလို့ မှားသွားခဲ့ရင် အောက်က ပုံလေးအတိုင်းပြပါမယ်။
အဲအချိန်ကျရင် forget pattern? ဆိုတာ ကိုနှိပ်လိုက်ပါ။
နှိပ်ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
အဲဒီနေရာမှာ မိမိ gmail အကောင့်နဲ့ အတူ password ကို ထည့်လိုက်ရင်ရပါပြီ။
ဒုတိယ အနေနဲ့..................
မိမိ pattern lock ခတ်စဉ် က ပေးထားခဲပတဲ့ set backup pin နဲ့ လဲရပါတယ်။
နောက်ဆုံး အဲလိုမှ မရရင် ဖုန်းကို factory researt လုပ်လိုက်ရတော့မှာပေါ့။
အဲလိုလုပ်ရင် ဖုန်းမှာ ဟိုအရင်က သွင်းထားတဲ့ software တွေ အကုန် ပျက်သွားပါလိမ့်မယ်။
ဒါ့ကြောင့်မို့ ကျနော်ပြောချင်တာက screen lock ကို မပြောင်းနဲ့လို့ မဆိုပါဘူး။
ပြောင်းပါ။ ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့အချိန်မှာ အနည်းဆုံး backup pin ဒါမှမဟုတ် ဖုန်းမှာသွင်းတားပြီးသားဖြစ်တဲ့ Google(gmail) အကောင့်ကို သေသေချာချာမှတ်ထားပေးစေချင်ပါတယ်။
နောက်ဆုံးအနေနဲ့ factory restart လုပ်မယ်ဆိုရင် ဖုန်းကို power ပိတ်လိုက်ပါ။
ပြီးရင် power ခလုတ် နဲ့ အတူ volume up ခလုတ်နဲ့ home scren ခလုတ်ကို တစ်ပြိုင်တည်း နှိပ်လိုက်ပါ။
အောက်က ပုံအတိုင်းပေါ့။
၅ second လောက် ခပ်ကြာကြာလး နှိပ်ထားပါ။
ပြီးရင် အောက်က ပုံလေးအတိုင်း ဖြစ်လာ ပါလိမ့်မယ်။
အဲဒီမှာ wipe data/factory reset ကိုေ၇ာက်အောင် volume up (or) down နဲ့ ရွှေ့ယူလိုက်ပါ။
ပြီးရင် အဲနေရာရောက်တော့ home screen ကို နျိပ်လိုက်ပါ။
အာက်က ပုံအတိုင်း ပြောင်းသွားပါလိမ့်မယ်။
homescreen ကိုနှိပ်လိုက်ပါ။ ခဏလေးစောင်ပြီးရင် အောက်က ပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။
အဲဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပါပြီ။
Reboot system now ကို သာ ရွေးပြီး homescreen ခလုတ် ကိုသာ နှိပ်လိုက်ပါ။
ခဏလေးကြာပြီးတဲ့ အချိန်မှာ ဖုန်း power ပြန်တက်လာပါလိမ့်မယ်။
ခုဆိုရင် အားလုံးအဆင်ပြေသွားပါပြီ။ သင့်ဖုန်းဟာလဲ အသစ်အတိုင်းဘဲ ဖြစ်သွားပါလိမ့်မယ်။
အားလုံးကို အဆင်ပြေစေချင်သော ရည်ရွယ်ချက်ဖြင့် ရေး သားခြင်းသာ ဖြစ်ပါသည်။
နည်းပညာဗဟုသုတ ပြန်လည်မျှဝေခြင်း www.phyolwinoo.blogspot.com
ကျွန်တော်တင်သမျှကို facebook မှ ရလိုသိလိုပါကဒီနေရာမှာ Like နှိပ်ခဲ့ပါ။
ခုလိုအားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
No comments:
Post a Comment
phyolwinoo10@gmail.com