password/pattern /တို့ကို ခဏခဏပြောင်းသုံးပြီး မေ့တတ်သော ကိုကို/မမ များအတွက်ပါ။
ဒီ post ကိုဖတ်ပြီး သူငယ်ချင်းတို့ အတွက် အသုံးဝင် ခဲ့ရင် ဘဲ ကျေနပ်ပါပြီ။
ဖုန်းမှာ screen lock ကို ခဏခဏ မပြောင်း ပါနဲ့လို့ မဆိုလိုပါဘူး။
ပြောင်းလဲပြောင်းသင့်ပါတယ်။ ဒါပေမဲ့ မိမိပြောင်းတဲ့ အချိန်မှာ သတိထားစရာလေးတွေကို သတိထားပေါ့။
ဥပမာ- buckup pin တို့ကို သတိထားသင့်တာပေါ့။
ကျနော်လဲ မကြာခဏ screen lock ကို ပြောင်းပါတယ်။
အပြောင်းများတော့ သို့လောသို့လော နဲ့ မေ့တတ်တာပါဘဲ။
screen lock ဖြေနည်းတွေ အမျိုးမျိုး ရှိပါတယ်။ ကျနော် လဲ ဘာမှတော့မတတ်ပါဘူး။
တကယ်လို့များ မိမိ screen lock ကို မေ့ခဲ့မိပြီဆိုရင်....... အလွယ်ဆုံးအနေနဲ့ pattern pin ကိုသတိရပေးပါ။
ဒုတိယအနေနဲ့ မိမိ ဖုန်းထဲမာ ထည့်သွင်းအသုံပြုထားတဲ့ Google (gmail) အကောင့်နဲ့အတူ သင့်အကောင့်ရဲ့ password ကို သတိရပေးပါ။
screen lock ကို (၅) ကြိမ်မှား ပြီးတာနဲ့ သင်းဖုန်းကို lock ပြန်ဖွင့်ဖို့ စက္ကန့် (၃၀) စောင့်ရပါတယ်။
စောင့်နေတဲ့ အချိန်မှာ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အဲနေရာမှာ သင့်ရဲ့ Google(gmail) အကောင့်နဲ့ password ကို ထည့်လိုကပါ။အသစ်ထည့်ချင်တဲ့ screen lock နေရာကို ရောက်ပါလိမ့်မယ်။ အသစ်ထည့်ချင်ထည့် ဒါမှမဟုတ် မထည့်ဘဲထားထားပေါ့။
ကျနော်ပြောချင်တဲ့ factory reset အကြောင်းက အခုမှစမှာပါ။
ပထမဆုံး မိမိscreec lock မေ့နေတဲ့ ဖုန်းကို power ပိတ်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ power ခလုတ်နဲ့အတူ volume up ခလုတ်နဲ့ home screen bottom ခလုတ်တို့ကို တစ်ပြိုင်တည်း နှိပ်လိုက်ပါ။ အောက်က ပုံလေးအတိုင်းပေါ့......
အဲအတိုင်းပေါ်လာပြီးရင် volume up နဲ့ volume down ခလုတ်ကို အသုံးပြုပြီး wipe deta/ factory reset ကိုရွေးလိုက်ပါ။
Home bottom ခလုပ်ကို အသုံးပြုပြီး ဝင်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
-yes..... delete all user data ကို volume up(or) down နဲ့ ရွေ့ယူပြီး home bottom ခလုတ်ကို နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အဲဒီမှာ Reboot system now ကို ရွေးပြီး ခဏစောင့်လိုက်ပါ။ ခဏနေရင် power ပြန်တက်လာပါလိမ့်မယ်။
အခုဆိုရင် သင့်ဖုန်းကို frectory reset လုပ်လို့ ပီးဆုံးသွားပါပြီ။ သင့်ဖုန်းဟာ original အသစ်အတိုင်းပါဘဲ software တွေ ကို ပြန်ထည့်ယူရပါလိမ့်မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
နည်းပညာဗဟုသုတ ပြန်လည်မျှဝေခြင်း www.phyolwinoo.blogspot.com
ကျွန်တော်တင်သမျှကို facebook မှ ရလိုသိလိုပါကဒီနေရာမှာ Like နှိပ်ခဲ့ပါ။
ခုလိုအားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
No comments:
Post a Comment
phyolwinoo10@gmail.com