Blogger Widgets

....

ရောက်လာသူ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ကျွန်တော်ပိုင်တဲ့ နေရာလေးမှ ဆုတောင်း​မေတ္တာပို့သလျှက်ပါခင်ဗျာ...

title

ကြွရောက်လာသူမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ လို့ ကျွန်တော်ပိုင်ဆိုင်ရာ ဆိုဒ်မှာ ဆုတောင်းမေတာပို့သလျှက်ပါ.......... ကျွန်တော်ပိုင်ဆိုင်ရာ ဆိုဒ်မှာ တင်ထားသမျှ ကူးယူဖော်ပြထားသမျှကို မိမိတို့ စိတ်ကြိုက် အသုံးပြုနိုင်ပါတယ် ခင်ဗျာ.............. အဆင်မပြေမှုတခုခုများ ရှိခဲ့ပါက Comment ထားခဲ့ပြီးပြောနိုင်သလို phyolwinoo10@gmail.com သို့ဆက်သွယ်ပြီးပြောနိုင်သလို Facebook /https://www.facebook.com/kaung.myathtay.5မှလဲ မေးမြန်းနိုင်ပါတယ် ဖုန်းနံပါတ် +60166076069 သို့လဲ မေးမြန်းနိုင်ပါတယ် ခင်ဗျာ ................

Friday, July 4, 2014

Android ဖုန်းများကို ကွန်ပျူတာမလိုဘဲ Root setting တစ်ခုလုံး မြန်မာဘာသာပြောင်းမယ်.. ( S4..V-4.3 ကိုစမ်းသတ်အောင်မြင်ထား)


မင်္ဂလာပါနော်.... ကျွန်တော် သည်နေ့ ရေးဖြစ်တာလေးကတော့  ကျွန်တော် ကိုယ်တိုင် ကလိပြီး စမ်းသတ် အောင်မြင်ထားတဲ့  PermRoot လေးအကြောင်းပါဘဲ...သည်ကောင်လေးကတော့ ကျွန်တော် ခု ကျွန်တော့်ရဲ့  Samsaung Galaxy S4 Version- 4.3 လေးကို ထပြီးကလိမိရာကနေ  တကယ် Root ပေါက်သွားတဲ့အတွက် ပျော်မိတယ်... ကိုယ်ပျော်သလို အများပျော်စေဖို့ကို  ဆော့ဝဲလ်တင်မကဘဲ
လုပ်ဆောင်ချက်နည်းလမ်းလေးကိုပါ ပုံလေးတွေနဲ့ အသေးစိတ် ရှင်းပြလိုက်ပါတယ်နော်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
setting တစ်ခုလုံး မြန်မာဘာသာပြောင်း လိုပါက 
samsung  zawgyi enable ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။
samsung zawgyi enable ကို အောက်ပါ မိမိကြိုက်ရာ link မှ ရယူပါ။
 playstore link >>> ဒီမှာရယူပါ။

ရယူပြီးပါက samsung zawgyi enable ကို ဖွင့်လိုက်ပါ။
အောက်ပါအတိုင်းတွေ့ပါလိမ့်မယ်။ ပုံအတိုင်းဆက်လုပ်သွားပါ။

 ပြီးရင် Reboot Now  ကို နှိပ်လိုက်ပါ။ ဖုန်း Power ပြန်တက်လာရင် Setting ထဲကိုဝင်ပြီး  My device ကိုရွေး လိုက်ပါ။  Language and Input မှာ ဝင်ပြီး Language မှာ  Myanmar (zawgyi) ကို ရွေးလိုက်ပါ။
အခုဆိုရင် သင့်ဖုန်း system တစ်ခုလုံး မြန်မာ ဘာသာကို ပြောင်းသွားပါလိမ့်မယ်။



အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ


နည်းပညာနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်း www.phyolwinoo.blogspot.com 
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ သိလိုရယူလိုပါက ဒီနေရာမှာ Like  နှိပ်ခဲ့ပါ။
အားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

phyolwinoo10@gmail.com

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ