နာမည်ကြီး Remote Access Application ဖြစ်တဲ့ Team Viewer ကိုတော်တော်များများသိကြမှာပါ။ Team Viewer က ကွန်ပြူတာတစ်လုံး
ကို အခြား ကွန်ပြူတာတစ်လုံး ဒါမှမဟုတ် ဖုန်းတစ်လုံးကနေ
ထိန်းချုပ်ခိုင်းစေလို့ ရပါတယ်။ဒါ့အပြင် Android / iOS ဖုန်းတွေကို
ကွန်ပြူတာကနေထိန်းချုပ်ဖို့ အတွက် TeamViewer QuickSupport ဆိုတဲ့ App
လည်းရှိပါသေးတယ်။ ဒါပေမယ့် TeamViewer မရှိတဲ့စက်တွေမှာဆို အခက်တွေ့ ပါတယ်။
ဘာဆော့ဝဲမှသုံးစရာမလိုဘဲ တစ်ယောက်ကွန်ပြူတာကို တစ်ယောက်ထိန်းချုပ်လို
့ရတဲ့ Facebook Application တစ်ခုရှိပါတယ်။ သူကတော့ Deskhop App ဖြစ်ပြီး
Windows, Mac OS X(10.6) မှာသုံးနိုင်ပါတယ်။
ပထမဆုံး Deskhop App Page ကို အောက်ကလင့်ကနေသွားပါ။
http://goo.gl/xmGlEa
“Go to App” ကိုနှိပ်ပါ။
သူငယ်ချင်းတစ်ယောက်ကိုရွေးချယ်ပါ။ Chat ပိတ်ထားတဲ့သူတွေ ဆိုရင်တော့ မြင်ရမှာမဟုတ်ပါ။
ပြီးရင် မိမိ Screen ကို Share လုပ်မှာလား သူငယ်ချင်းရဲ့ Screen ကို Control လုပ်မှာလား ရွေးချယ်ပါ။ သင်ရွေးချယ်လိုက်တဲ့သူငယ်ချင်းကို Facebook က Notification ပို့ ပေးမှာဖြစ်ပါတယ်။သူကလည်း သင့်ကို Grant Access လုပ်ပေးဖို့ လိုပါတယ်။
ပြီးရင်တော့ 700 kB ၀န်းကျင်ရှိတဲ့ဖိုင်လေးကို ဒေါင်းလုပ်လုပ်ခိုင်းပါလိမ့်မယ်။ဒေါင်းလုပ်လုပ်ပြီးရင် အင်စတောလုပ်ပေးပါ။ ဒါဟာ ခဏတာ အင်စတာလုပ်တာဖြစ်ပြီး သင့်အလုပ်ပြီးစီးတာနဲ့ အလိုလို delete လုပ်ပေးမှာပါ။ သင်ရော သင့်သူငယ်ချင်းပါ ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ဖို့ လိုပါတယ်။
ပြီးရင်တော့ တစ်ယောက်ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။ Disconnect အချိန်မရွေးလုပ်နိုင်ပါတယ်။ Disconnect လုပ်လိုက်တာနဲ့  ဒေါင်းလုပ်လုပ်ထားတဲ့ဖိုင်လေးကိုလည်း အလိုလို ဖျက်ပေးမှာပါ။
ဒါဆိုရင် ဘာ ဆော့ဝဲမှ မသုံးဘဲနဲ့  တစ်ယောက် ကွန်ပြူတာကို တစ်ယောက် ထိန်းချုပ်လို့ ရပါပြီ။

Myanmar Digital Life Journal
အဆင်ပြေပါစေ.......
အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက အောက်ပါနေရာများတွင်လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Gmail >>> phyolwinoo10@gmail.com
Facebook >>> Ko Tin Shwe/Phyo Lwin Oo
Phone No. >>> +60183647234 / +60166076069
နည်းပညာနှင့်ဗဟုသုတများပြန်လည်မျှဝေခြင်း http://phyolwinoo.blogspot.com/
ကျွန်တော်တင်သမျှ Post တွေကို Facebook ကနေသိလိုရယူလိုပါက ဒီနေရာမှာ Like နှိပ်ခဲ့ပေးပါ။
အားပေးမှုကို အထူးကျေးဇူးတင်ပါ။
No comments:
Post a Comment
phyolwinoo10@gmail.com